AUNG LAN BAPTIST CHURCH, MYANMAR
 
  • Home
  • Our Pastor
    • Our Beliefs
    • Pastor's Idea
    • Pastor's Notes
    • Articles
  • School Teachers
  • Our Goal
    • Our church building
  • Ministries
    • Songs
  • Contact Us
    • Links >
      • Tool
      • Gospel Tracts >
        • NEWS
  • Photo Gallery
  • Myanmar Site

Tracts by Pastor Htein:

Picture
          Merry Christmas to you all!



GOD’S GREATEST GIFT
GOD'S GREATEST GRIFT  ( Zaw Gyi One font )

ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင်

GOD’S GREATEST GIFT
ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင်

                  လူတွေအတွက် အရေးအကြီးဆုံး၊ အလိုအပ်ဆုံး၊ တန်ဖိုးအကြီးမားဆုံး၊ အကောင်းဆုံး လက်ဆောင်တခုကို လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ခန့်က ဘုရားသခင် စတင် ပေးသနားခဲ့ပါတယ်။ ဒီကနေ့အထိလည်း ပေးနေဆဲပါပဲ။ အဲဒီလက်ဆောင်ဟာ…….

(၁) အားလုံးအတွက်

                   ဘုရားသခင်က ဒီလက်ဆောင်ကို စိတ်ကြိုက်လူတချို့ကိုသာ ပေးခဲ့တာမဟုတ်ပါဘူး။ လူမျိုးတမျိုးတည်းကိုသာ ပေးခဲ့တာလည်း မဟုတ်ဘူး။
ယောကျင်္ား မိန်းမမရွေး၊ ပျိုပျိုအိုအို၊ ကလေးတွေတောင် ရနိုင်ပါတယ်။ ပညာတတ်တွေကို ပေးသလို၊ ပညာမတတ်သူတွေလည်း ရနိုင်ပါတယ်။ လှတဲ့သူ ရနိုင်သလို၊ မလှတဲ့သူလည်း ရနိုင်ပါတယ်။ အသားအရာင် မခွဲခြားပဲ၊ အသားဖြူ၊ အသားညို၊ အသားမဲ၊ အသားဝါ လူမျိုးစုံကို ပေးနေတာပါ။
ဘုရားပေးတဲ့ လက်ဆောင်ထိုက်သူဆိုတာ လောကမှာမရှိပါဘူး။ အားလုံးရထိုက်သူတွေပါ။

(၂) လက်ဆောင်

                  ဘုရားသခင်ပေးတဲ့ လက်ဆောင်ဟာ လောကအရာတွေလို ဟောင်းနွမ်းပျက်စီးမသွားဘူး။ သံချေး၊ ပိုးရွမတက်သလို၊ သူခိုးလည်း ထွင်းဖေါက်မခိုးယူနိုင်ပါဘူး။
ဘာကြောင့်လဲ? ဘုရားသခင်က သူ့ရဲ့ တပါးတည်းသောသားတော်ကို လက်ဆောင်အဖြစ်ပေးနေလို့ပါ။ ဘုရားသခင်ရဲ့သားတော်ဟာ လူ့လောကကို ကြွလာခဲ့ရတယ်။ အကြောင်းက - လူတွေရဲ့ အပြစ်ကြွေးကို ကိုယ်စား အသေခံပေးဆပ်ပေးဖို့ပါ။
                 အပြစ်ရဲ့အခဟာ သေခြင်းပါ။ အပြစ်လုပ်သူဟာ သေထိုက်ပါတယ်။ ဘုရားသားတော်က အားလုံးကိုယ်စား လူစားထိုးအသေခံပေးခဲ့ရတာပါ။  အသေခံပေးလို့ င်္သဂြိုဟ်ပြီးမှ ၃ ရက်မြောက်တဲ့နေ့မှာ အသက်ပြန်ရှင်တော်မူခဲ့ပါတယ်။ ရက် ၄၀ အကြာမှ ကောင်းကင်ထက််ကို ပြန်လည်တက်ကြွတော်မူခဲ့ပါတယ်။
အဲဒီလိုကြွလာခဲ့တာဟာ `အော်- ငါ့ကို လာကယ်တာပါလား ´ လို့ စိတ်ထဲက အသိအမှတ်ပြုရင်၊ ဘုရားသားတော် ကယ်တင်ရှင်ကို လက်ခံတာ၊ အကယ်ခံတာပါပဲ။
                လူလူချင်း လက်ဆောင်ပေးရင် ဘူးတွေနဲ့ ထုပ်ပေးတတ်လို့၊အထဲမှာ ဘာတွေပါသလဲ၊ မုန့်လား? အသတ်အထည်လား? ပစ္စည်းတခုခုလား? ဆိုပြီး စိတ်လှုပ်ရှားစွာ ဖွင့်ကြရတာပါ။
ဒီလိုပါပဲ။ ဘုရားသခင်က သားတော်ကို ပေးပါတယ်။ သားတော်အထဲမှာ ဘာပါသလဲ? `ထာဝရအသက်´ပါပါတယ်။  `ထာဝရအသက်´ ဆိုတာ ဘာလဲ?..
                ထာဝရအသက်ဆိုတာ သေတဲ့နေမှာ ငရဲမလားတော့ဘူး။ အပြစ်ဒဏ်မခံရတော့ဘူး။ မအို၊ မနာ၊ မသေတော့ပဲ ကောင်းကင်ဘုံထက်မှာ ဘုရားသခင်ကို ဖူးမြော်ပြီး၊ ထာဝရ ပျော်ရွှင်စွာ အသက်ရှင်ရခြင်းပါပဲ။
`သားတော်ကိုရသောသူသည် အသက်ကိုရ၏။´

(၃) အခမဲ့

               ဘုရားသခင်က ထာဝရအသက်ကို ရောင်းတာမဟုတ်ပါ။ ဒါကြောင့် အလှူငွေများများပေးပြီး ၀ယ်စရာမလိုပါဘူး။
               ဆုပေးတာမဟုတ်လို့ ဘုရားကြိုက်မယ်ထင်တာတွေ ကြိုးစားလုပ်ပြီး မြော်လင့်နေဖို့မလိုပါဘူး။
ဘုရားသခင်က သင့်ကို တရားပြနေတာမဟုတ်သလို၊ ပညတ်တွေ ချပြနေတာမဟုတ်ဘူး။
 ဘုရားသခင်က လူတွေကို ကောင်းကောင်းနေစေချင်ပေမယ့် အမိ၀မ်းထဲကတည်းက အပြစ်လုပ်ချင်တဲ့ ဗီဇပါနေကြတဲ့ အတွက် ….. `ကောင်းကောင်းနေမှ ပေးမယ်ကွာ´ လို့လည်း အကြပ်ကိုင်တော်မမူပါဘူး။
ဘာသာဝင်ခိုင်းနေတာမဟုတ်ဘူး။ ဘုရားသခင်က သနားလို့ လက်ဆောင်ပေးနေတာပါ။

(၄) လက်ခံကြပါစို့

                လက်ဆောင်ဆိုတာ လက်ခံလိုက်ရုံပဲ။ လက်ခံလိုက်ရင် ရတာပါပဲ။ ဘုရားပေးလို့ ကိုယ်ရတာပါ။
ဒါပေမယ့် ပေးတဲ့သူက ဘယ်လောက်ရက်ရက်ရောရော စေတနာနဲ့ပေးပေမယ့် လက်ခံရမယ့်သူက ငြင်းနေရင်တော့ အလကားပဲပေါ့။ ဘုရားကပေးရဲ့သားနဲ့ မရတာဟာ မထိုက်တန်လို့မဟုတ်ပဲ၊ လက်မခံလို့သာ မရတာပါ။ ဘုရားသခင်ပေးတဲ့ လက်ဆောင်ကို လက်ခံဖို့ရာ အခုလို ရိုးရိုးကလေး ဆုတောင်းလိုက်ပါ။

`ဘုရားသခင်
ကျွန်တော် အပြစ်သားပါ။
ငရဲသွားထိုက်ပါတယ်။ ဒါပေမယ့်
သားတော် သခင်ယေရှုကို အခု လက်ခံပါပြီ။
ထာဝရအသက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘ။´

                  ဒီလို ဆုတောင်းလိုက်တဲ့အခါ ဘုရားသခင်ပေးတဲ့ ခရစ်စမတ်လက်ဆောင်ကို ရပါပြီ။ သားတော်ကို ရပြီ။ ထာဝရအသက်ကို ရပြီ။ ဘုရားသခင်က ကျမ်းစာထဲမှာ ဂတိပေးထားပါတယ်။
` ဘုရားသခင်သည် ငါတို့အား ထာဝရအသက်ကို ပေးတော်မူ၍ ထိုအသက်သည်လည်း သားတော်၌ပါ၏။ သားတော်ကို ရသောသူသည် အသက်ကိုရ၏။ သားတော်ကိုမရသောသူမူကား အသက်ကိုမရ။´ ၁ ယော ၅း ၁၁-၁၂။

အောင်လံနှစ်ခြင်းအသင်းတော်
စမ်းချောင်းရပ်၊ အောင်လံ။

GOD’S GREATEST GIFT
By Saya Htein Win Ei.


   It is a Christmas tract. You can download and print the tract to share others. 

  God's Greatest Gift ( ZawGyi One Font ) Download File

gods_greatest_gift_.._tract.docx
File Size: 17 kb
File Type: docx
Download File

ကယ်တင်ခြင်း - Do or Done?

Picture
_ ကယ်တင်ခြင်း - ( Do or Done? )
လူတိုင်းက တနေ့တော့ သေကြရမှာပဲလေ။ အဲဒီပြေးမလွတ်တဲ့ သေခြင်းတရားကို ရင်ဆိုင်ရရင် ငရဲတော့ ဘယ်သူမှ မသွားချင်ဘူး။ ကောင်းတဲ့နေရာပဲ ရောက်ချင်ကြတာပါ။ ငရဲဆိုတာ မကောင်းတာတွေအများကြီးလုပ်၊ တသက်လုံး နောင်တမရ၊ ဘာတခုမှ အကောင်းမလုပ်သူတွေ ရောက်မှာလို့လည်း ထင်တတ်ကြပါတယ်။ တကယ်တော့ ငရဲသွားဖို့ဆိုတာ အပြစ်အများကြီးလုပ်ဖို့ မလိုပါဘူး။ တခုဆိုရပါပြီ။ `အပြစ်တခုရှိလျှင် ဒဏ်ခံစေ။´ အပြစ်တခုမှ မရှိတဲ့လူရယ်လို့ လောကမှာမရှိဘူး။ လူဆိုတာ အမိ၀မ်းထဲကတည်းက အပြစ်လုပ်တတ်တဲ့ ဗီဇကို ရထားပြီးသားပါ။ အပြစ်အနည်းအများသာ ကွာမယ်။ လူတိုင်းဟာ အပြစ်နဲ့ မကင်းကြပါဘူး။ အဲဒီတော့ သေရင် ငရဲသွားဖို့ သေချာနေတာပေါ့။  

အဲဒီတော့ ဘယ်လိုလုပ်မလဲ? ဘယ်တိုင်းပြည်ကလူကိုပဲ မေးမေး.. `ကောင်းတာလုပ်ရမှာပေါ့´ လို့ပဲ ပြောကြမှာပါ။ ကောင်းတာလုပ်တာဟာ မကောင်းတာတွေ လုပ်နေတာထက်တော့ ပိုကောင်းတာပေါ့လေ။ လူက ကောင်းတာနဲ့ မကောင်းတာကို ချိန်လို့၊ ကောင်းတာများရင် ကောင်းတဲ့အရပ်ရောက်မယ်လို့ အလွယ်ထင်တာပါ။ တကယ်တော့ ကောင်းတာနဲ့ မကောင်းတာဟာ ချေလို့မရပါဘူး။ သပ်သပ်စီနေကြတာပါ။ လူလုပ်တဲ့ ကောင်းမှုကုသိုလ်ဆိုတာ သန့်ရှင်းတဲ့ ဘုရား မျက်စိတော်ရှေ့မှာ လက်ခုစုတ်ပါ။ လူ့လောကမှာပဲ ကြည့်ပါဦး။ မကောင်းတာတွေ တောက်လျှောက်လုပ်ပြီးမှ လူတွေအကျိုးသယ်ပိုးပါမယ်.. ပြစ်ဒဏ်မချပါနဲ့ဆိုရင် ဘယ်တရားပါ့မလဲ? အပြစ်ကြွေးဆိုတာ ပေးဆပ်ရစမြဲပါ။

ဘယ်လောက်ပေးဆပ်ရမလဲ? အပြစ်ကို ကြေအောင်ဆပ်ရရင် သေဒဏ်ပါ။ ကျွန်တော်တို့ လုပ်ခဲ့သမျှ၊ အခုလုပ်နေသမျှ၊ နောင်လုပ်မိဦးမယ့် အပြစ်တွေကို ပေါင်းရင် အမြင့်ဆုံးပြစ်ဒဏ်က သေဒဏ်ပါ။ ဒီဒဏ်ကို အားလုံးအတွက် ပေးဆပ်ဖို့ ကောင်းကင်ကဘုရားက သူ့သားတော်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ လောက်က လူ့လောကကို စေလွှတ်ခဲ့ပါတယ်။ သားတော်ကို လူနာမည် ပေးတဲ့ အခါ `ယေရှု´ လို့ မှည့်ပါတယ်။ အဓိပါယ်က `ကယ်တင်မယ့်သူပါ´။ ကယ်တင်ရှင်က အစပထမမှာ တရားတွေဟောပါတယ်။ မေတ္တာပါ။ ကိုယ့်အပေါ်မကောင်းတဲ့သူတွေ၊ ရန်သူတွေအပေါ်မှာတောင် မေတ္တာထားဖို့ ပြောတာပါ။ ဒါပေမယ့် ကောင်းတာတွေ ပြောပြရုံနဲ့ လူတွေအတွက် မလုံလောက်တော့…  အလုပ်တခု လုပ်ပေးရဦးမယ်။ အဲဒါကို မလုပ်ပေးရမချင်း - ငြီးငွေ့နေတယ်လို့ ဆိုပါတယ်။ အဲဒီအလုပ်က- ဘာလဲ?

အားလုံးကိုယ်စား အသေခံပေးဖို့ပါ။ ဘုရားသားတော် အသေခံတဲ့ ကားတိုင်ဆိုတာဟာ တကယ်တော့ လူဆိုးတွေ အပြစ်ရှိသူတွေ နေရမယ့် နေရာပါ။ ကျွန်တော်တို့ကို အပြစ်ပေးရမယ့်နေရာပါ။ သူက လူစားထိုးပေးခဲ့တာပါ။ အဲဒီလို အသေခံချိန်မှာ အသက်စွန့်ခါနီး နောက်ဆုံးစကားတခွန်းပြောခဲ့ပါတယ်။ `အမှုပြီးပြီ´။ အပြစ်ကြွေးတွေကြေပြီလို့ ပြောတာပါ။ အကြီးမားဆုံးပြစ်ဒဏ်ကို ပေးဆပ်ပြီးပါပြီ။ ဒီထက်ဘာမှ လူလုပ်တဲ့ မဖြစ်စလောက်တွေ ပေးစရာမလိုပါဘူး။ ဒါကြောင့် ကောင်းကင်ရောက်ဖို့ အားလုံးလုပ်ပေးခဲ့ပြီ၊ “It is finished” လို့ ပြောခဲ့တာပါ။ ကောင်းကင်ဆိုတာ တကယ်တော့ ဘယ်သူမှ မရောက်ထိုက်ပါဘူး။ ဒါပေမယ့် ဘုရားက အဖေမဟုတ်လား? ကယ်တာပေါ့။ ရအောင် တရားသဖြင့် အသေခံပေးခိုင်းလိုက်တာပေါ့။ ဒါကို လက်ခံတယ်။ မငြင်းဘူးဆို အကယ်ခံတာပါပဲ။ ဘုရားကယ်တာကို လက်ခံတာနဲ့ ဘုရားက ကယ်လိုက်ပါပြီ။ ဒီလောကကြီးသာမကပါဘူး။ ကောင်းကင်နဲ့ ငရဲဆိုတာလည်း ဘုရားလက်ထဲမှာပဲမဟုတ်လား?

ကောင်းကင်ရောက်ဖို့ လူတွေက `တခုခုလုပ်ဖို့´ Do လို့ ပြောနေမှာပါ။ ဘုရားသခင်ကတော့ `ငါလုပ်ပေးပြီးပါပြီကွာ´တဲ့။ Done ပေါ့။ ကဲ.. ကောင်းကင်ရောက်ဖို့ ကောင်နိုးရာရာလေးတွေ လုပ်ရဦးမှာလို့ ထင်နေသေးလား? Do နေတာပေါ့။ အမှန်က Done ပြီးသွားပါပြီ။

သခင်ယေရှုဟာ အသေခံ၊ သဂြိုဟ်ပြီးလို့ ၃ ရက်မြောက်နေမှာ အသက်ရှင်ပြန်ခဲ့ပါပြီး။ လူတွေကို လိုက်လံ နှုတ်ဆက်ပြီး ရက် ၄၀ အကြာမှာ ကောင်းကင်ကိုတက်ကြွခဲ့ပါပြီ။ လူတွေကို ကောင်းကင်က စောင့်နေပါပြီ။
ဒါကြောင့် အခုလို ရိုးရိုးလေးဆုတောင်းလိုက်ပါ။

ဘုရားသခင်….
ကယ်တင်လို့ ကျေးဇူးတင်ပါတယ်။
ကောင်းကင်စာရင်းမှာ နာမည်လေး ရေးမှတ်ပေးပါ´။
လို့ ဆုတောင်းလိုက်ရုံပါပဲ။

မေတ္တာဖြင့်

ဆလိုင်းထိန်ဝင်းအိ
အောင်လံနှစ်ခြင်းအသင်းတော်
အောင်လံ။


The Fundamental Top 500
Powered by Create your own unique website with customizable templates.